Search This Blog

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့ (ကဗျာ)

[postlink]https://wwbcnetworkburmese.blogspot.com/2010/02/blog-post_21.html[/postlink]
ကောက်ကြောင်းရေးခဲ့သူတို့

မရှိတော့သည့်နောက်ဝယ်


ငရဲပြည် ဗီဇာကျထားသူအချို့

ပုတ်သင်ညိုတစ်ချို့ကို စုစည်း

အမဲရောင် စုတ်တံတွေကိုင်ဆွဲလျက်

ပိန်းပိတ်အောင်ခြယ်နေလည်း

အလင်းစက်တွေ အလင်းစက်တွေ

ပန်းချီကားအနှံ့
တဖြတ်ဖြတ် တောက်နေဆဲ
ဟေ့ !
ဖြိုးဝေ-mmp

0 comments:

Post a Comment